အောင်မင်းခေါင် တဲ့ ဟေ့
ထိုစဉ်က ပုပ္ပားနယ် တဝှိုက်မှာ အဘကို ဝိဇ္ဇာတစ်ပါးလို့ မသိကြပဲ သာမန်ထူဆန်းတဲ့ လူတစ်ယောက်အဖြစ်သာ သိကြပါတယ် ။
တစ်နေ့မှာ မြန်မာစာဌာနက ကျောင်းသားများ ပုပ္ပါးတောင်ကို ဘုရားဖူးလာတဲ့အခါ အဘကိုတွေ့တော့ ပိုက်ဆံတွေလှုကြတဲ့ခါ အေး အေး ငါ့မြေးတွေကိုလည်း ငြုတ်သီးတွေပဲ ကျွေးစရာရှိတယ် ။
စားကြကွယ့် အန္တရာယ်ကင်းဘေးရှင်းတယ် ဆိုပီး သံပုဂံနဲ့ထည့်ထားတဲ့ ပင်အပ်ငြုတ်သီး( မိုးမျှော် ) တောင့်တွေ ချကြွေးပါတယ် ။
ငြုတ်သီးစိမ်းပုဂံကို ကြည့်ပီး ဘယ်သူမှ မစားရဲတဲ့ခါ အဘကိုယ်တိုင်ငြုတ်သီးစိမ်းတောင့်တွေ တစ်တောင့်ပီးတစ်တောင့် တကျွတ်ကျွတ် စားပြနေတာကြည့်ပီး တချို့ကမဝံ့မရဲနဲ့ ယူစားကြတဲ့အခါ ငြုတ်သီးစိမ်းတွေဟာ လုံးဝမစပ်ပဲ သကြားခဲလို ချိုနေတာနဲ့ အံ့ကြကုန်ကြပါတယ်။
အဘက ထပ်ပီး အေးအေး ကောင်းကြရဲ့လားကွယ့် အစပ်စားချင်ရင်ပြော စပ်စေရမယ်ဆိုပီး လက်နဲ့ထိလိုက်တာနဲ့ စောစောက ချိုနေတာတွေ အကုန်စပ်ကုန်ပြန်ပါတယ် ။
တစ်ခါကကျောက်ပန်းတောင်းမှာ မီး အကြီးအကျယ်လောင်တဲ့ခါ ယုံကြည်သူတွေဟာ အဘရှိရာကို ပြေးလာပီး အဘရေ သားတို့ကို ကယ်ပါဦး ဟိုမှာ မီးတွေလောင်နေလို့ အဘလို့ ဝိုင်းတောင်းပန်တဲ့အခါ အဘဟာ ရေနွေးကြမ်းသောက်နေရာက မီးလောင်နေတဲ့ဘက် လှည့်ပီး ရေနွေးကို ဖူးကနဲ လှမ်းမှုတ်လိုက်တဲ့အခါမှာ တဟုန်းဟုန်းလောင်နေတဲ့ မီးတောက်ကြီးဟာ ဟုတ်ကနဲငြိမ်းသွားခဲ့ပါတယ် ။
နွေခေါင်ခေါင် မီးထတောက်မတတ် တဖျစ်ဖျစ်ပူလောင်နေတဲ့ ပျဉ်းမနားစျေးကြီးရဲ့သွပ်မိုးတွေပေါ်မှာ လှဲအိပ်နေတဲ့ အဘ … အင်ဂျင်မပါတဲ့ မော်တော်ကားအပျက်ကြီးကို စတီယာရိုင်ကိုင်ပြီး မောင်းပြတဲ့အဘရဲ့ သိဒ္ဓိတန်ခိုးတွေကို မျက်မြင်ထင်ရှားတွေ့ကြတဲ့အခါမှာတော့ အဘကို ဝိဇ္ဇာဓိုရ် အစစ်ကြီးမှန်း သိလာကြပြီး သူ့ထက်ငါ အလုအယက် ကိုးကွယ်လာကြပါတယ် ။
ဒေါ်သိန်းညွန့်နဲ့တွေ့ပီ
အဘအောင်မင်းခေါင်ဟာ ကား အစိမ်းလေးနဲ့ရောက်လာတိုင်း ပုပ္ပါးနဲ့ ကျောက်ပန်းတောင်းသွား လမ်းဘေးက ဒေါ်သိန်းညွန့် အကြော်ဆိုင်မှာ ဘယာကြော်စားလေ့ရှိတယ် ။
စားပွဲခုံမှာ ထိုင်ပီဟေ့ဆိုတာနဲ့ ဒေါ်သိန်းညွန့်က ပုဂံထဲကို ဘယာကြော် ခုနစ်လုံးထည့်ပီး အဘရှေ့ကို တရိုတသေ သွားပေး … စားပီးတာနဲ့ ဘာစကားမှမပြောပဲ စားပွဲပေါ်ကို ကျပ်စေ့တစ်စေ့ ချထားခဲ့ပီး ပြန်ထွက်သွားလေ့ရှိပါတယ် ။
တစ်နေ့တော့ အနားကလူတွေက အဒေါ့်ဆိုင်မှာ ဘယာကြော်လာစားနေတဲ့လူကြီးက နှယ်နှယ်ရရ မဟုတ်ဘူး ပုပ္ပါးက ဘိုး မင်း ခေါင် ဗျ
ဝိဇ္ဇာကြီးတဲ့ သည်တစ်ခါလာရင် သူ့ဆီက ရွှေလုပ်ပေးပါလို့ ပြောကြည့်ပါလားဆိုပီး ဝိုင်းပြီးတိုက်တွန်းကြပါတယ် ။
ဒေါ်သိန်းညွန့်စိတ်ထဲမှာလည်း အေးလေ အရှုံးရှိတာမှ မဟုတ်တာ ပါးစပ်ကပြောရတာပဲ မရလည်း ဘာဖြစ်တာမှတ်လို့ သည်တစ်ခါလာရင်တော့ တောင်းကြည့်မှပဲဆိုပီး စိတ်ကူးနေတဲ့အချိန် … အဘကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ် ။
ဆိုင်မှာ လူလည်းရှင်းနေတာနဲ့ တဘက်လေးကို ပုခုံးပေါ်တင်လက်အုပ်လေးချီပီး ဘယာကြော်စားနေတဲ့ အဘနားကို တိုးသွားရင်း အဘရယ် သမီးဆင်းရဲလွန်းလို့ပါ ရွှေလေးငွေလေး မ စ ပါ အဘရယ်လို့ မဝံ့မရဲပြောလိုက်ပါတယ် ။
အဘ,က ဘယာကြော်ကို ကုန်အောင်စားလိုက်ပီး ဘာမှမပြောပဲ အကြော်မီးထိုးဖို့ ပုံထားတဲ့ ထင်းပုံထဲက အကြီးဆုံးထင်းတစ်ချောင်းကို ယူလိုက်ပီး ဒေါ်သ်ိန်းညွန့်ကို ဖုံးကနဲ ရိုက်လိုက်ရင်း " လို ချင် ဦး ဟဲ့ … ရွှေ " လို့ပြောပီး လက်ထဲက ထင်းချောင်းကို လွှင့်ပစ်ကာ ကားလေး နဲ့ ပြန်ထွက်သွားပါတော့တယ် ။
ဒေါ်သိန်းညွန့်က အမလေး တော် ပါ သေး ရဲ့ လူရှင်းနေလို့ … သူများမြောက်ပေးလို့သာလုပ်ရတာ…ခုတော့ ငါ့မှာ အရိုက်ခံရတာပဲ အဖတ်တင်တယ် ရှက်လိုက်တာလို့တွေးရင်း ထင်းစကြီးကို သွားကောက်တဲ့အခါမှာတော့ ထင်းစကြီးတစ်ခုလုံး ရွှေချောင်းကြီးဖြစ်နေတာကို ပါးစပ်အဟောင်းသားတွေ့လိုက်ရပါတယ် ။
ဒေါ်သိန်းညွန့်ဟာ ကျောက်ပန်းတောင်းမြို့ပေါ်မှာ အိမ်ကြီးတစ်လုံးဝယ်ယူပီး ကျေးဇူးရှင်အဘရဲ့ ပန်းပုရုပ်ကြီးကို အိမ်ဦးခန်းမှာတင်ကာ သားသမီး မြေးမြစ်များနဲ့အတူ နေထိုင်သွားပါကြောင်း အဘအောင်မင်းခေါင်ရဲ့ သိဒ္ဓိ မဟိဒ္ဓိ ပညာများနဲ့ပတ်သက်ပီး လေ့လာမှတ်သားထားသမျှ ထပ်ဆင့် တင်ပြလိုက်ပါတယ် …… ။

0 Comments